နေပြည်တော် ဇွန် ၂၆

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ဇွန် ၁၇ ရက်မှ  ဇွန် ၂၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉ ဒသမ ၆၅၈၇)တန်၊ သစ်မာ (၃ ဒသမ ၇၉၃၆)တန်၊ အခြား (၁၄ ဒသမ ၁၈၅၃)တန် စုစုပေါင်း ၃၇ ဒသမ ၆၃၇၆ တန်၊ ယာဉ်/ ယန္တရား ခြောက်စီး၊ တရားခံ ၂၀ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်