နေပြည်တော် ဒီဇင်ဘာ ၁၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိနေပြည်တော်၊  ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၁ ဒသမ ၂၂၅၈)တန်၊ သစ်မာ (၄ ဒသမ ၈၁၁၈)တန်၊ အခြား (၁၈.၇၀၀၀)တန်၊ စုစုပေါင်း (၄၄ ဒသမ ၇၃၇၆) တန်၊ ယာဉ်/ ယန္တရား ရှစ်စီး၊ တရားခံ ငါးဦး ဖမ်းဆီးရမိကြောင်း သိရသည်။

သတင်းစဉ်