နေပြည်တော် ဇန်နဝါရီ ၂၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၁ ဒသမ ၉၄၀၀)တန်၊ သစ်မာ (၁ ဒသမ ၇၉၁၃)တန်၊ အခြား (၆၅ ဒသမ ၀၂၀၂)တန်၊ စုစုပေါင်း (၁၀၈ ဒသမ ၇၅၁၅) တန်၊ ယာဉ်/ ယန္တရား (၁၀) စီး၊ တရားခံ (၁၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


