နေပြည်တော် ဖေဖော်ဝါရီ ၂၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီ ၁၇  ရက်မှ  ၂၃  ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅ ဒသမ ၄၇၉၃) တန်၊ သစ်မာ (၃၂ ဒသမ ၁၆၆၂ ) တန်၊  အခြား (၆၆ ဒသမ ၆၄၁၄)တန်၊ စုစုပေါင်း (၁၁၄ ဒသမ ၂၈၆၉) တန် ယာဉ်/ ယန္တရား (၆) စီး၊ တရားခံ (၂၃) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်