နေပြည်တော် ဒီဇင်ဘာ ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS)အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၆၀ ဒသမ၅၁၂၆)တန်၊ သစ်မာ (၄၁ဒသမ၃၇၇၈)တန်၊ အခြား (၅၂ဒသမ၀၆၆၂)တန်၊ စုစုပေါင်း (၁၅၃ဒသမ၉၅၆၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်