နေပြည်တော် ဇန်နဝါရီ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS)အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၉ ဒသမ၂၅၈၀)တန်၊ သစ်မာ (၇၁ဒသမ၅၈၈၄)တန်၊ အခြား (၂၄ဒသမ၀၄၈၉)တန်၊ စုစုပေါင်း (၁၉၄ ဒသမ ၈၉၅၃) တန်၊ ယာဉ်/ ယန္တရား (၂၃)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်