နေပြည်တော် ၁၆ ဩဂုတ်
နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ဦးစံသိန်း၊ သံအမတ်ကြီး(ငြိမ်း)၊ ဇနီး ဒေါ်အေးနွဲ့၊ သမီး မချိုချိုစိုး မိသားစုမှ ကျပ် (၃၅) သိန်း တန်ဖိုးရှိ Patient Monitor (၁) လုံးနှင့် ကွယ်လွန်သူ ဖခင်ကြီး ဦးစိုးတင်အား ရည်စူး၍ မိခင်ကြီး ဒေါ်ခင်ပိုနှင့် သမီး မခင်နီလာစိုး မိသားစုမှ ကျပ်(၃၅)သိန်း တန်ဖိုးရှိ Patient Monitor (၁)လုံးတို့ကို ယနေ့တွင် ပေးအပ်လှူဒါန်းရာ ကျွမ်းကျင်သူ ဒေါက်တာ ပပက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဆေးရုံအုပ်ကြီး/ ဆေးရုံအုပ်ကြီး (ပူးတွဲတာဝန်) ဒေါက်တာအောင်လင်းအေးက မုဒိတာစကားပြောကြားသည်။
ထို့နောက ဦးစံသိန်း၊ သံအမတ်ကြီး(ငြိမ်း)က လှူဒါန်းရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ပြောကြားပြီး Patient Monitor အား လှူဒါန်းရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တာဝန်ရှိသူများမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပါမောက္ခဒေါက်တာရဲသူရိန် (ဦးနှောက်နှင့် အာရုံကြောခွဲစိတ်)က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)