နေပြည်တော် ဩဂုတ်    ၆

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ဝင်းအတွင်း တည်ဆောက်ထားသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံသို့ ဩဂုတ် ၆ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့သည် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တံတားဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ကောင်းချို၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်တို့ လိုက်ပါပြီး သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်မှူး(ဝယ်ယူရေး) ဒေါက်တာစိုင်းသန့်ခိုင်တို့က အောက်စီဂျင် ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

အဆိုပါ အောက်စီဂျင်စက်ရုံအနေဖြင့် သြဂုတ် ၆ ရက် ညနေ ၃နာရီမှ စတင်ကာ အောက်စီဂျင် စတင်ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မျိုးသီဟ(ပြန်/ဆက်)