နေပြည်တော်၊ ၆ ဇန်နဝါရီ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လွှတ်တော်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိကြောင်း သတင်းပို့ လက်ခံဌာနများကို အောက်ဖော်ပြပါအတိုင်း ဖွင့်လှစ်ထားရှိသည် -
(က) နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာ (၂)၊
(ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရိပ်သာတွင် တည်းခိုနေထိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊
(ဂ) မိမိအစီအစဉ်ဖြင့် တည်းခိုနေထိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်- ၁၂ (I-12) နှင့်
(ဃ) တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (စနေနေ့) ထက်မစော၊ ဇန်နဝါရီလ ၂၄ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


