နေပြည်တော် ၂၁ အောက်တိုဘာ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်၊ တနင်္လာနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားကြောင်းသိရသည်။
ထိုအစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရေးရာဆောင် I -12 (အိုင် - ၁၂) သို့ နိုဝင်ဘာ (၁၀) ရက်ထက် မစော (၁၁)ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ပန်ကြားထားကြောင်း သိရသည်။
(သတင်းစဉ်)