ပုဗ္ဗသီရိ ၁၅ ဇန်နဝါရီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရတနာ့မေတ္တာအဖွဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်စီမံခန့်ခွဲမှု စီမံချက်မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဒေါ်ရီဝါဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင်က စီမံချက်မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရတနာ့မေတ္တာအဖွဲ့မှ လက်ထောက်စီမံချက်မန်နေဂျာ ဦးရဲနီလင်းက ကလေး သူငယ်များအား အကြမ်းဖက်ခြင်း၊ အတော်မတရားပြုမှုခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများမှ ကာကွယ်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရန်တို့အတွက် ပညာပေးလုပ်ငန်းစဉ်များကို စီမံချက်ကာလဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်မှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့ထိ သတ်မှတ်ကာ ပညာပေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)