နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မီးဖိုမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပုဗ္ဗသီရိ  ၂၀   မေ  


    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယနေ့နံနက် ၈ နာရီခွဲအချိန် ခန့်က မီးဖိုမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
    


ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက် ခေတ္တာ(၅)လမ်းမပေါ်ရှိ အိမ်အမှတ်(၈၃၀) သွပ်မိုး၊ ပျဉ်ကာနေအိမ်တွင် ငှားရမ်းနေထိုင်သူ ဦးလှသိန်း၏သမီး ဒေါ်ယုဝါထွေး(၃၀)နှစ် သည် ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ခဲ့ပြီး မီးလောင်ရာသို့ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့ရုံးမှ မီးသတ်ယာဉ်(၇)စီး၊ အုပ်ချုပ်မှု ယာဉ်(၁)စီးဖြင့်  ငြိမ်းသတ်ခဲ့ရာ ၉ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 


    
မီးလောင်မှုကြောင့် အခြားနေအိမ်များသို့ မီးကူးစက်မှုမရှိကြောင်းနှင့် လူနှင့်တိရိ စ ္ဆာန် ထိခိုက်မှုမရှိကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ယုဝါထွေးအား ကျည်တောင်ကန်ရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

eer