ပုဗ္ဗသီရိ၊ ၁၇ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး၌ “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ “ပန်းခင်းစီမံချက်” အား (၃-၅-၂၀၂၁)ရက်မှ စတင်၍ (၃-၁၁-၂၀၂၂)ရက်အထိ (၁၈)လ ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ ပန်းခင်းစီမံချက်အဖြစ် မေ ၁၇ ရက်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရတနာဒီပရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ နဝဒေးရပ်ကွက်နှင့် ညောင်ပင်ကြီးစုကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း၌ အမည်စာရင်းပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ်အထက် လူဦးရေ(၇၁၄)ဦးတို့ကို တစ်နေ့လျှင် လူဦးရေ(၃၀)နှုန်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။ ထိုသို့ဆောင်ရွက်ပေးနေမှု အခြေအနေအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


