နေပြည်တော် ၁၁ ဧပြီ
နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၁၅၂/၂ တွင် ယနေ့နံနက် ၄ နာရီခွဲခန့်က ယာဉ်မောင်း ကိုကျော်မင်းဦး မောင်းနှင်လာသည် ယာဉ်အမှတ် YGN/AA/2 --- အဖြူရောင် ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကာရံထားသော ဘာရီယာတုံးများတိုက်မိရပ်တန့်သွားခဲ့သည်။
ယာဉ်တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါကျား ၆ ဦး၊ မ ၁ ဦး အနက် ကျား ၁ ဦး၊ မ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး လမ်းတစ်ခြမ်း ပိတ်နေသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဇီးပင်သာစခန်း တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MDN
Photo-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး