နေပြည်တော်  ၃၀   ဧပြီ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အသွားအလာကန့်သတ်စောင့်ကြည်ခံဦးရေမှာ ၂၀ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူများမှာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြသူများ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများစုဖြစ်ကြပြီး အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၁၂)ဦး ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

 

အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း Quarantine Center သို့ ရောက်ရှိလာကြသူများသည် မိမိအစီအစဉ်ဖြင့် စားသောက်ရသည်ဖြစ်ကြောင်း စင်တာသို့ရောက်ရှိလာကြသူများအား သတ်မှတ်စည်ကမ်းများအတိုင်း နေထိုင်ကြရန်နှင့် လိုအပ်သည့်ပစ္စည်းများ ယူဆောင်လာရန် (အိမ်မှလာပို့ရန်)စည်းကမ်းချက်များအား စင်တာမှ တာဝန်ရှိသူများမှ ဖတ်ပြခြင်း ကျန်းမာရေးတိုင်းတာ စစ်ဆေးမူများ ဆောင်ရွက်ပေးကြောင်း သိရသည်။

 

စင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူတွေကို တစ်နေ့နှစ်ကြိမ် ကျန်းမာရေး စစ်ဆေးပေးမူများ ပြုလုပ်ပေးကြောင်း မိမိတို့အားထားရှိသည့်အခန်းမှလွဲ၍ အခြားအခန်းများနှင့် ပြင်ပသို့သွားလာခြင်းမပြုရန် မှာကြားထားကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

Quarantine Center တွင် ရောက်ရှိ၍ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူအချို့မှာအိမ်မှ ထမင်းလာပို့ရန် အခက်အခဲရှိသူများရှိကြောင်း အဆိုပါ သူများအတွက် စင်တာမှ အတတ်နိုင်ဆုံးအဆင်ပြေအောင် ဆောင်ရွက်ပေးကြောင်းလည်း သိရသည်။

 

နေပြည်တော် အ ထ က(၆)ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူများသည် ဧပြီ ၂၁ ရက်နေ့ နောက်ပိုင်း ရောက်ရှိကြသူများဖြစ်၍ ကန့်သတ်ကာလမပြီးဆုံးသေး၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူများ မရှိသေးကြောင်း သိရသည်။

 

မင်းထက်ကျော်