နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၂၁၆ ဒသမ ၄၁၉၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက် မှ ၂၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၆၅ ဒသမ ၅၂၅၂ တန်၊ သစ်မာ ၂၅ ဒသမ ၀၇၅၀ တန်၊ အခြား ၂၅ ဒသမ ၈၁၉၆ တန် စုစုပေါင်း ၂၁၆ ဒသမ ၄၁၉၈ တန်၊ ယာဉ်/ ယန္တရား ခုနစ်စီး၊ တရားခံ သုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။
သတင်းစဉ်