နေပြည်တော် စက်တင်ဘာ ၁၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၃၇ ဒသမ ၆၄၈၀)တန်၊ သစ်မာ (၁၁ ဒသမ ၂၀၅၄)တန်၊ အခြား (၆ ဒသမ ၉၉၅၂)တန်၊ စုစုပေါင်း (၅၅ ဒသမ ၈၄၈၆)တန်၊ တရားခံ (၁၈)ဦး၊ ယာဉ်/ယန္တရား (၁၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်