နေပြည်တော် အောက်တိုဘာ ၆

 

 

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၁၄၇ တန် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂  ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၉၉ ဒသမ ၁၅၄၈) တန်၊ သစ်မာ (၂၆ ဒသမ ၀၁၃၈)တန်၊ အခြား (၂၂ ဒသမ ၄၃၈၀)တန်၊ စုစုပေါင်း (၁၄၇ ဒသမ ၆၀၆၆)တန်၊ တရားခံ (၁၅)ဦး၊ ယာဉ်/ ယန္တရား (၁၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

သတင်းစဉ်