နေပြည်တော် မတ် ၂၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ မတ် ၂၁ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၆၀ ဒသမ ၈၈၂၀) တန်၊ သစ်မာ (၅၃ ဒသမ ၄၆၇၈)တန်၊ အခြား (၁၃၃ ဒသမ ၇၃၄၈)တန်၊ စုစုပေါင်း (၂၄၈ ဒသမ ၀၈၄၆)တန်၊ တရားခံ (၃၉)ဦး၊ ယာဉ်/ ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။(သတင်းစဉ်)
