နေပြည်တော် ဧပြီ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၉၁ ဒသမ ၆၃၁၄) တန်၊ သစ်မာ(၁၁၂ ဒသမ ၇၆၈၆)တန်၊ အခြား(၃၀၉ ဒသမ ၂၇၆၅)တန်၊စုစုပေါင်း(၆၁၃ ဒသမ ၆၇၆၅)တန်၊ တရားခံ (၄၃)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)