နေပြည်တော် ဒီဇင်ဘာ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၂၀ ဒသမ ၉၀၃၈ တန်၊ သစ်မာ ၆ ဒသမ ၀၃၄၄ တန်၊ အခြား ၃၈ ဒသမ ၃၂၂၄ တန် စုစုပေါင်း ၆၅ ဒသမ၂၆၀၆ တန်၊ တရားခံ ၂၂ ဦး၊ ယာဉ်/ယန္တရား ၁၄ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)