နေပြည်တော် ဇွန် ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၆ ရက်မှ ၁၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၃၀ ဒသမ ၂၉၃၄) တန်၊ သစ်မာ (၁၁ ဒသမ ၄၂၅၈)တန်၊ အခြား (၅၂ ဒသမ ၉၃၄၂)တန် စုစုပေါင်း (၉၄ ဒသမ ၆၅၃၄)တန်၊ တရားခံ (၂၀)၊ ယာဉ်/ယန္တရား (၅)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်