တပ်ကုန်း    ၅  ဒီဇင်ဘာ    

    

နေပြည်တော် တပ်ကုန်းမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ကြားဖြတ်လူဦးရေသန်းခေါင် စာရင်း ကောက်ယူပြီးစီးမှုနှင့် အတွေ့ကြုံရှင်းလင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၅ ရက် နံနက်၁ဝ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

8

 

အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြား ပြီးနောက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့က ရပ်ကွက်/ကျေးရွာများ လူဦးရေစာရင်း ကောက်ယူရာတွင် တွေ့ကြုံရသည့်အကြောင်းအရာများ ရှင်းလင်းတင်ပြကြသည်။ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ကောက်ယူရေး အဖွဲ့များနှင့်ကော်မတီအဖွဲ့အား ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး၊ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။

 

တပ်ကုန်းမြို့နယ်တွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ကွက်(၂၅)ခုကို စာရင်း ကောက်ဦးရေ (၁၆) ဦးဖြင့် နိုဝင်ဘာ ၁၈ရက်မှ ဒီဇင်ဘာ ၁ရက်နေ့ထိ ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာ(၂၇) ရွာတို့တွင် စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင် ( ပြန်/ဆက် )