တပ်ကုန်း  ၂၅  ဇူလိုင်

 

နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး တက်ရောက်ပါဝင်ပြီး ခရေပင်အား အမှတ်တရ စိုက်ပျိုးပေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးနှင့်အတူ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲ များကလည်း ပန်းခြံနှင့် အားကစားကွင်း၌ ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများ စုပေါင်းသစ်ပင် စိုက်ပျိုးသည့် ပန်းခြံနှင့် အားကစားကွင်း၌လည်းကောင်း၊ လမ်းဘေးဝဲယာများတွင် စိုက်ပျိုးမှုအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးကြသည်။

 

ယနေ့ နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စုဆောင်းထားရှိသော သစ်ပင်/ပန်းပင် (၄၀၇၅)ပင်အနက်မှ (၁၂၃၀)ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြပြီး ကျန်ပျိုးပင်များကိုလည်း မိုးရာသီအတွင်း ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြေင်း သိရသည်။

#MRTV