နေပြည်တော်၊ ၄ ဖေဖော်ဝါရီ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲ ၂ နာရီက အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ တည်ထားကိုးကွယ်မှုဆိုင်ရာ သမိုင်းကြောင်းများနှင့် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံပြီးစီးမှုများကို ဂေါပကအဖွဲ့က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးအား ရဟန်း၊ ရှင်၊ လူ ပြည်သူအများ ဖူးမြော်ကြည်ညိုခွင့်ရရှိနိုင်ရေး စေတီတော်ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် သွားရန် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့အား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


