နေပြည်တော်   ၁၁    ဒီဇင်ဘာ 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ ဥတ္တရ ခရိုင်အဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီက ဥတ္တရခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ  ဥက္ကဋ္ဌ ဦးအောင်ချိူမှ အဖွင့်အမှာ စကားပြောကြားပြီး နေပြည်တော်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်း (၂၅)ဦး အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ သဘာဝဘေး အန္တရာယ်များ အကြောင်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှု၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု စသည့်ဘာသာရပ်များကို ဒီဇင်ဘာ (၁၁)ရက် နေ့မှ (၁၃)ရက်နေ့အထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)