နေပြည်တော် ၁၀ ဇူလိုင်
နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားဝင်းအတွင်း၌ စိမ်းလန်းစိုပြည်လှပရေးအတွက် သစ်ပင်စိုက်ပျိုး လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ကျင်းပသည်။
ရှေးဦးစွာ ရေကန်အမှတ် (၂)စိုက်ခင်းတွင် ဒန့်ဒလွန်ပင် (၃၀)၊ ရေကန်အမှတ် (၅) စိုက်ခင်းတွင် သရက်ပင် (စိန်တစ်လုံး) (၁၀၀)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားကွင်း/အားကစားရုံ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ ပျော်ရွှင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းသို့ ဒန့်ဒလွန်ပင် (၂၀)၊ သရက်ပင် (စိန်တစ်လုံး) (၅၀)တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


