နေပြည်တော် ၇ သြဂုတ် 

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအား မီးဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် တွေ့ကြုံလာသည့်အခါ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုကြံ့ခိုင်ပြီး စွမ်းရည်ပြည့်ဝသည့် လူ၊ ပစ္စည်းများ၏ စွမ်းအားကို အသုံးပြုပြီး အပြည့်အဝ ကူညီကယ်ဆယ်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၏ တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် လျင်မြန်သွက်လက်ရေးတို့ ပိုမိုတိုးတက်လာစေရန် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၈)မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး၊ ဗဟိုမီးသတ်စခန်း၌ ကျင်းပရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

1

 

အဆိုပါစွမ်းရည်ပြိုင်ပွဲတွင် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအောက်ရှိ မြို့နယ်(၈)မြို့နယ်ရှိ မီးသတ်စခန်း အသီးသီးမှ တပ်ဖွဲ့ဝင်(၇၂)ဦးတို့က အုပ်စုလိုက် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ၊ Road Accident (ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု)၊ တစ်ဦးချင်းအလိုက် မီးငြှိမ်းသတ်ရေးဝတ်စုံဝတ်ဆင်ခြင်း၊ အသက်ရှုကိရိယာဝတ်ဆင်ခြင်း၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ရေးပစ္စည်းများ ခင်ကျင်းခြင်းတို့ကို အဖွဲ့လိုက်ဖြင့်လည်းကောင်း တစ်ဦးချင်းဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြရာ တစ်ဦးချင်းနှင့် မြို့နယ်များအလိုက် ဆုရရှိကြသူများအား မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

 

2