နေပြည်တော် ၂၈ နိုဝင်ဘာ

 

နေပြည်တော် အတွင်းရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

2

 

အဆိုပါ  ရှင်းလင်းဆွေးနွေးပွဲတွင် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦးက  စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအားလည်းကောင်း၊  နေပြည်တော် စားသုံးသူ ရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ဆွေက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူ၏ အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန(ရုံးချုပ်) စားသုံးသူရေးရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပုဂ္ဂလိက ဘဏ်ငွေကြေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ၏ တိုင်ကြားမှုများကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စားသုံးသူရေးရာ ဦးစီးဌာန(ရုံးချုပ်) စားသုံးသူရေးရာ ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

 

ရွှေကုက္ကို