နေပြည်တော်၊ ၁၂ ဒီဇင်ဘာ
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးသည် ကော်မတီဝင်များ ဖြစ်ကြသော ဒေါ်စံပယ်ထွေး၊ ဦးဆန်းနိုင်၊ ဌာနကြီးမှူး (ထုတ်လုပ်ရေး) ဦးစိုးဟန်၊ ဈေးများဌာန ဌာနမှူး ဦးတိုင်းကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီချိန်က ဈေးများဌာန ကွပ်ကဲမှုအောက်ရှိ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ဈေး အဆင့်မြှင့်တင် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပိတောက်လမ်း ဘေးတွင်တည်ရှိသော အကျယ်အဝန်း ၁ ဒသမ ၇၄၇ ဧကရှိ ယခင်ဈေးဟောင်းမြေနေရာတွင် ဈေးအဆင့်မြှင့်တင်ရေး လုပ်ငန်းတင်ဒါ အောင်မြင်သော Top Ray Company မှ One Storeyed Steel Structure ဆောက်လုပ်နေမှုများကို ဒုတိယမြို့တော်ဝန်မှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ရာ ဌာနကြီးမှူး ဦးစိုးဟန်နှင့် Top Ray Company မှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး အဆင့်မြှင့်တင် ဆောင်ရွက်နေသော ဈေးကြီးအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အတွင်း အခက်အခဲများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ယခု အဆင့်မြှင့်တင် တည်ဆောက်နေသော ဈေးကြီးကို (၈ ပေ x ၁၀ ပေ) အကျယ် ဆိုင်ခန်း (၃၁၆) ခန်းနှင့် ( ၄ ပေ x ၄ ပေ ) အကျယ် ပျံကျဈေးဆိုင်ခန်း (၂၄၀) ခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
Crd-NPTDC Webportal


