နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ကြသော ဝန်ထမ်းမိသားစုများနှင့် လူပျို/ အပျိုဆောင်များတွင် နေထိုင်ကြသည့်ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးအသီးသီးသို့ သွားရောက်ဝယ်ယူရန်မလိုဘဲ အိမ်ရာများတွင် လွယ်ကူအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ် (၂) စီးဖြင့် ဝန်ထမ်းအိမ်ရာများအရောက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်နှင့် သား/ငါးများကို သင့်တော်သောဈေးနှုန်း၊ အလေးချိန်ခွင် ပြည့်မီမှန်ကန်စွာဖြင့် နေ့စဉ်လှည့်လည် ရောင်းချပေးလျက်ရှိသည်။
ဈေးရောင်းမော်တော်ယာဉ်များဖြင့် ဓနသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ရာ၊ နေပြည်တော် စည်ပင်အိမ်ရာ၊ ဇမ္ဗူသီရိဆေးရုံအိမ်ရာနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်အိမ်ရာများသို့လည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ၊ ခရေအိမ်ရာ၊ သဇင်ဆောင်နှင့် သပြေဆောင်များသို့လည်းကောင်း အလှည့်ကျစနစ်ဖြင့် နေ့စဉ်လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်