နေပြည်တော်ကြားဖြတ် လူဉီးရေသန်းခေါင်းစာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ လူဉီးရေစာရင်း ကောက်ယူနေမှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်   ၂၃    နိုဝင်ဘာ

 

ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဉီးရေ သန်းခေါင်းစာရင်း ကောက်ယူရာသို့ နေပြည်တော်ကြားဖြတ်လူဉီးရေ သန်းခေါင်းစာရင်း ကောက်ယူရေး ကော်မတီဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ နေပြည်တော် အလုပ်သမား၊ လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးမှ ပြည်ထောင်စုနယ်မြေမှူး၊ ညွှန်ကြားရေးမှူး ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်အောင်(၂) ရပ်ကွက်နှင့် ကင်ပွန်းတန်းကျေးရွာ အုပ်စုအတွင်း လူဉီးရေစာရင်းကောက်ယူမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြာင်း သိရသည်။

 

ထို့သို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် နေပြည်တော် ကြားဖြတ်လူဉီးရေ သန်းခေါင်းစာရင်း ကောက်ယူရေး ကော်မတီဥက္ကဋ္ဌမှ စာရင်းစစ်၊ စာရင်ကောက်များအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မှန်မှန်ကန်ကန် ကောက်ယူရန်၊ နေအိမ်များ၏ သောက်သုံးရေ သန့်စင်မှုစစ်ဆေးရာတွင်လည်း (Water Quality Test)ဖြင့် အထူးဂရုစိုက်စစ်ဆေးသွားကြရန်နှင့် စာရင်းကောက်ယူရာ၌ ပူးပေါင်းဖြေကြားပေးသော အိမ်ထောင်စုများအား အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူ ဦးရေသန်းခေါင်းစာရင်းကို ၂၀၁၄ ခုနှစ်ကဲ့သို့ မေးခွန်းပုံစံစာရွက်ဖြင့် ကောက်ယူခြင်းမျိုးမဟုတ်ဘဲ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဉီးချင်းမေးမြန်း ကောက်ယူသည့်စနစ်ဖြင့် ကောက်ယူခြင်းဖြစ်ပြီး၊ ပျဉ်းမနားမြို့နယ်တွင် ကောက်ကွက်ပေါင်း(၁၇)ကွက်ကို နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ၁၄ ရက်ကြာ ကောက်ယူသွားမည်ဖြစ်ပြီး၊ ကြားဖြတ်လူဉီးရေ သန်းခေါင်းစာရင်းအား မေခွန်းပေါင်း ၁၁၀ မေးမြန်ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)