နေပြည်တော် ၂၀  ဧပြီ  

 

နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည့်ပြည့်ဝဝ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း နေရပ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာသူများအား Community Base Facility Quarantine စောင်ကြည့်ခြင်း လုပ်ငန်းများကို မြို့နယ်များအလိုက်  သတ်မှတ်နေရာများ စီမံဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် စီမံချက်များ ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က  ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

2

 

ယင်းနောက် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး ရဲတပ်ဖွဲ့မှူး၊ နေပြည်တော်မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် နေပြည်တော်ကောင်စီ အတွင်းရေးမှူး တို့က  Community Base နေရာများ သတ်မှတ်ခြင်း၊ ရိက္ခာများ စီမံခန့်ခွဲခြင်း၊ သယ်ယူပို့ဆောင်ရး၊ လုံခြုံရေး အစီအမံများ၊ လှုံ့ဆော်ပြန်ကြားရန် ကိစ္စရပ်များ၊ စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်ရန်ကိစ္စနှင့် ကျန်းမာရေးကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော် ကောင်စီဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)