နေပြည်တော်  ၂၁  ဧပြီ

 

နေပြည်တော်ကောင်စီ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ဘဏ္ဍာရေး၊ ပြန်ကြားရေးနှင့် လှုံ့ဆော်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ ဘဏ္ဍာရေး၊ ပြန်ကြားရေးနှင့် လှုံ့ဆော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အသိပညာပေး ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများကို လက်ရှိဆောင်ရွက်နေသည်ထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ချက်များကို ပူးပေါင်းချိတ်ဆက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်းနှင့် သတင်းအမှန်များကို လက်ဦးမှုရယူပြီး အချိန်နှင့် တစ်ပြေးညီထုတ်ပြန်၍ ပြည်သူလူထုကို အသိပေးခြင်းဖြင့် ကောလာဟလ သတင်းအမှားများ လျော့ကျပျောက်ကွယ်သွားမည် ဖြစ်သည့်အတွက် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို ပိုမိုသွက်လက်စွာ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက လက်ရှိအချိန်တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြသည်။

 

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက သတင်းထုတ်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း က အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)