တပ်ကုန်း ၂၀ ဒီဇင်ဘာ
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ဖောက် စစ်ဆေးခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဉတ္တရခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့မိမြို့ဖများနှင့်တင်ဒါဖွင့်ဖောက်စစ်ဆေးရေးကော်မတီအဖွဲ့မှ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ CCTV ကင်မရာ၊ အဆောက်အဦ စုစုပေါင်းလုပ်ငန်း(၃၉)ခု၊ ( Lot -1 မှ Lot – 15 )ထိ ဖွင့်ဖောက်စစ်ဆေးသည်။
အဆိုပါလုပ်ငန်းများအား တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်