နေပြည်တော်၊ ၂၉ ဇန်နဝါရီ
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း နှင့် တာဝန်ရှိသူများ၊ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး လုပ်ထုံး လုပ်နည်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် အိမ်ရာအဆောက်အဦ တည်ဆောက်ရေးဖွံ့ဖြိုးမှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုပေးခဲ့ကြကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)


