နေပြည်တော်  ၁၅   သြဂုတ် 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများ ဖမ်းဆီးရမိသည့် စာရင်းများအရ ကျွန်း (၁၁၃ ဒသမ ဝ၂၅၆)တန်၊ သစ်မာ(၃၁ ဒသမ ၈၃၈၀)တန်၊ အခြား (၄၂ ဒသမ ၆၅၆၅)တန်၊ စုစုပေါင်း (၁၈၇ ဒသမ ၅၂၀၁)တန်၊ ပြစ်မှုကျူးလွန်သူ (၃၇)ဦးနှင့် ယာဉ်/ယန္တရား(၂၅)စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများတွင်  သြဂုတ် ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကလပ်ကြိုးဝိုင်းအတွင်းမှ ကျွန်းနှင့်ကြို့သစ် (၂၃ ဒသမ ၈၀၆၄) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

မောင်လူမော်