နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၄  ဧပြီ

 

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၅ ရက် မှ ၂၁ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသည့် စာရင်းများအရ တရားမဝင် ကျွန်း (၂၅၄ ဒသမ ၄၀၁၄)တန်၊ သစ်မာ (၈၀ ဒသမ ၂၄၈၆)တန်နှင့် အခြား (၃၂၉ ဒသမ ၂၃၆၉)တန်၊ စုစုပေါင်း (၆၆၃ ဒသမ ၈၈၆၉)တန်၊ ပြစ်မှုကျူးလွန်သူ(၁၉)ဦး နှင့် ယာဉ်/ ယန္တရား(၁၃)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဉီးစီးဌာန မှ သိရသည်။

 

မောင်လူမော်

 

2147