နေပြည်တော် ၁၉ ဇွန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိသော စာရင်းများအရ ကျွန်း (၄၁ ဒသမ ဝ၈၆၄) တန်၊ သစ်မာ (၅၃ ဒသမ ၄၂၃၈)တန်နှင့် အခြား (၁၄၃ ဒသမ ၇၇၂၈)တန်၊ စုစုပေါင်း (၂၃၈ ဒသမ ၂၈၃၀)တန်၊ ပြစ်မှုကျူးလွန်သူ (၄၇)ဦးနှင့် ယာဉ်/ယန္တရား (၂၇)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

မောင်လူမော်

 

111