နေပြည်တော် ၂ မေ
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ကွင်းဆင်းရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသည့် စာရင်းများအရ ကျွန်း (၂၀၄ ဒသမ ၅၂၂၈)တန်၊ သစ်မာ (၁၅၆ ဒသမ ၂၉၉၆)တန်နှင့် အခြားသစ် (၃၇၀ ဒသမ ၁၉၃၄) ဖြစ်ပြီး စုစုပေါင်း (၇၃၁ ဒသမ ဝ၂၆၈)တန်၊ ပြစ်မှုကျူးလွန်သူ ၇၇ ဦးနှင့် ယာဉ်၊ ယန္တရား ၃၀ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိမှုများတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်အတွင်းမှ အင်ကြင်း၊ အင်သစ်လုံး / ခွဲသား / လုံးပတ် (၃)ပေအောက်သစ် (၈၀ ဒသမ ၃၃၆၈)တန်နှင့် အင်ဂျင် (၃)လုံးတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။
မောင်လူမော်
