နေပြည်တော်၊ မတ် ၃၀

 

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာကန်အမှတ်(၂)ရှိ ကွန်ကရစ်လျှောက်လမ်းတွင် ရေနုတ်မြောင်းများ ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်လမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြို့တော်ဝန်က မင်္ဂလာကန်သာယာလှပစေရေးနှင့် သန့်ရှင်းရေးကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် မင်္ဂလာကန်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် အချိန်မီ ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ မင်္ဂလာကန်အမှတ်(၁) အဝင် ကားရပ်နားရန်နေရာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကန်ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ပန်းအလှပင်များ ထပ်မံထည့်သွင်းစိုက်ပျိုးရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကျောက်မျက်ပြတိုက်အနီးရှိ မင်္ဂလာသိဒ္ဓိပန်းခြံကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး မြို့တော်ဝန်က ထပ်မံတိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားသည်။

 

ယင်းနောက် စံပယ်လမ်းနှင့် ရာဇသင်္ဂဟလမ်း လမ်းဆုံတွင် မီးပွိုင့်တပ်ဆင်ရန်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်