နေပြည်တော်၊ ဧပြီ ၂၇

 

နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီနှင့် မသန်စွမ်းသူများ အသင်း တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက နေပြည်တော်အတွင်း မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖြစ်စေရန် နေပြည်တော်မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် စံနမူနာပြ စီစဉ်ဆောင်ရွက်ထားရှိခဲ့ပြီး ဖြစ်ပါ ကြောင်း၊  မသန်စွမ်းသူများအနေဖြင့် အများနည်းတူ အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို ကနဦးစီမံကိန်းနယ်မြေအဖြစ် နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နေပြည် တော် မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာကော်မတီအနေဖြင့် မသန်စွမ်းသူများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပံ့ပိုးကူညီပေးရမည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက မသန်စွမ်းသူများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးသည်။

 

ယင်းနောက် နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့်  နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)