နေပြည်တော် ၁၁  ဇွန် 

 

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော် ထုတ်ဖမ်းဆီးခြင်းကို  ဇွန် ၈ ရက် မှ ၉ ရက်အထိ ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီး ဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သောပူးပေါင်း အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ပလွေးကြိုးဝိုင်း အတွင်းရှိ Super Custom မော်တော်ယာဉ်ပေါ်မှ ကျွန်းခွဲသား (ဝ ဒသမ ၅၉၇၈) တန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အတွင်း ကျွန်း/အင်သစ်/ခွဲသား/ပကာ စုစုပေါင်း (၁၈ ဒသမ ၂၆၁၆)တန်နှင့် ကလေးခရိုင် ကလေးဝမြို့နယ် ကလေးဝ-ကလေးကားလမ်းပေါ်ရှိ UD ပုံပြောင်းအမျိုးအစား မော်တော် ယာဉ်ပေါ်မှ အင်ခွဲသား (၈ ဒသမ ၅၉၇၂)တန်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန် သူများနှင့် ဆက်စပ်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

mdn

 

မောင်လူမော်

 

mdn