နေပြည်တော် ၂၄  မေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမိုးကောင်းကားလမ်းတွင် သုံးဘီး ဆိုင်ကယ်/ကား၊ သရီးကရောင်းကားပေါ်မှ တရားမဝင် ကညင်/ခလောင်ခွဲ (၄ ဒသမ ၉၂၄၆) တန်၊ ချင်းပြည်နယ်၊ ဆီးယင်းကြိုးဝိုင်းအကွက် (၁၃၆)၊ ခိုင်ကမ်း - ဒေါ်လွင် ကားလမ်းတွင် တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ခွဲသားဆိုဒ်စုံ (၁ ဒသမ ၅၁၅၀) တန်၊ ကျွန်းပကာခြမ်း  (၁ ဒသမ ၂၆၇၂) တန်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဉတ္တရခရိုင်၊ ဉတ္တရသီရိမြို့နယ်၊ ညောင်လူးကျေးရွာ အရှေ့ မြောက်ဘက်၊ သိမ်ချောင်းတစ်လျှောက်တွင် တရားမဝင် သစ်အယ်/သပြေ/တောင်ပရုတ်/ သင်္ဂဒူ/ မျောက်ငို (၈ ဒသမ ၆၉၂၀)တန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအကွက်(၄၇)၊(၅၀)အတွင်း တရားမဝင် တောင်သရက်ခွဲသား (၁၆ ဒသမ ၂၄၅၂)တန်တို့အား မေ ၂၁ မှ ၂၃ ရက်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်

 

mdn