နေပြည်တော် ၂၆  ဇူလိုင်

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အတွင်း သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စု၊ ပန်းခင်း(၃)လမ်း၊ နန္ဒဝန်ကျောင်းဝန်းအတွင်း တရားမဝင်ပိတောက်/ ပျဉ်းကတိုး/ ကညင်ခွဲသား ၊ (၁၃ ဒသမ ၂၃၀၈)တန်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ပလွေး(၇၆) ဂွေးချိုချောင်း ဘေးမှ တရားမဝင် သံသေ/ချဉ်ယုတ်/ကျွန်းဓါးရွေ ၊ (၆ ဒသမ ၃၇၁၀)တန် ၊


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဆိပ်ဖြူထင်းကြိုးဝိုင်းအကွက်(၂၀)အတွင်း တရားမဝင် ပိတောက်ခွဲသား၊ (၇ ဒသမ ၂၅၆၂)တန်၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တဇန်း ကျေးရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာစစ်နှီးကြိုးဝိုင်းအကွက်(၃၇)အတွင်း တရားမဝင် ကျွန်းသစ် ၊ (၅ ဒသမ ၂၆၅၄)တန်၊


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ချော-ရဲရွာသွား ကားလမ်းဘေး မော်တော်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ ၊(၁ ဒသမ ၃၁၇၆)တန်၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ဂိုထောင်ကြီးရွာ အရှေ့တောင်ဘက်(၂) မိုင် ခန့်အကွာမြောက်မိုးတားကြိုးဝိုင်း(၃၀)အတွင်း တရားမဝင် ကညင်သစ်၊ (၆ ဒသမ ၈၉၄၀)တန် ၊ ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင်/ သစ်ယာ/အင်သစ် ၊ (၁၉ ဒသမ ၆၂၀ဝ)တန်၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်(၁၄၈)အတွင်း တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ ၊ (၄ ဒသမ ဝ၃၅၈)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

မောင်လူမော်