နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၁၀၇ တန်ကျော် သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ကောင်စီ နယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၄၈ ဒသမ ၁၀၀၀ တန်၊ သစ်မာ ၃၀ ဒသမ ၉၂၇၈ တန်၊ အခြား ၂၈ ဒသမ ၅၂၀၄ တန် စုစုပေါင်း ၁၀၇ ဒသမ ၅၄၈၂ တန်၊ ပြစ်မှုကျူးလွန်သူ ခုနစ်ဦး၊ ယာဉ်/ယန္တရား ခုနစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)