နေပြည်တော် မေ ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၁၇ ဒသမ ၁၁၂၅) တန်၊ သစ်မာ ၂၇ ဒသမ ၆၂၅၆ တန်၊ အခြား ၆၂ ဒသမ ၇၆၃၄ တန် စုစုပေါင်း ၂၀၇ ဒသမ ၅၀၁၅ တန်၊ ယာဉ်/ယန္တရား ၁၁ စီး၊ တရားခံ ၄၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်