နေပြည်တော် ဇွန် ၃ဝ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ဇွန် ၂၁ မှ ၂၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသ ကြီး/ ပြည်နယ်၊ သစ်တော ဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း (၁၇၁ ဒသမ ၃၁၁၄)တန်၊ သစ်မာ (၃၂ ဒသမ ၃၁၀၀)တန်၊ အခြား (၆၄ ဒသမ ၂၄၃၆)တန်၊ စုစုပေါင်း (၂၆၇ ဒသမ ၈၆၅၀)တန်၊ တရားခံ (၄၄)ဦး၊ ယာဉ်/ယန္တရား (၃၈)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)