mdn

နေပြည်တော် စက်တင်ဘာ ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ 

ယင်းသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း (၃၄ ဒသမ ၃၅၁၄)တန်၊ သစ်မာ (၁၄ ဒသမ ၃၉၇၆)တန်၊ အခြား (၂၀ ဒသမ ၃၅၂၄)တန်၊ စုစုပေါင်း (၆၉ ဒသမ ၁၀၁၄)တန်၊ တရားခံ (၂၂)ဦး၊ ယာဉ်/ယန္တရား (၁၆)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း  သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)