နေပြည်တော် ဧပြီ ၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃၅ ဒသမ ၄၆၉၄) တန်၊ သစ်မာ (၇၁ ဒသမ ၁၀၇၈)တန်၊ အခြား (၂၂၉ ဒသမ ၆၁၂၀)တန်၊ စုစုပေါင်း (၄၃၆ ဒသမ ၁၈၉၂) တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဧပြီ ၃ ရက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ပုံကျေးရွာထိပ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်း သစ်လုံး/ ခွဲသား/ လုံးပတ် ၃ ပေ အောက်သစ် အလုံး/ချောင်း (၁၈၀) (၃၂ ဒသမ ၇၃၄၀)တန်ဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်